စေတနာအပြည့်နဲ့ အပင်ပန်းခံပီး နည်းပညာဖြန့်ဝေပေးနေတဲ့ ဘလော့ကာသမားများကိုဒီနေရာကနေကျေးဇူးအထူးတင်ကြောင်းပြောချင်ပါတယ်
နည်းနည်းလောက်အကြံပေးချင်တာကတော့ ကျွန်တော်တို့မြန်မာတွေဟာ အိုင်တီနဲ့ပက်သက်ရင်သူများထက်အများကြီးနောက်ကျနေပါတယ်
ဒါကြောင့်အများဆုံးဟာ ၀ါသနာရှင်အဆင့်လောက်ပဲရှိတော့ နည်းပညာဖြန့်ဝေပေးတဲ့ ဘလော့တွေကိုဝင်လေ့လာရင်အခက်အခဲတွေရှိပါတယ်
ပြောချင်တာကတော့ အားလုံးနားလည်နိုင်လောက်တဲ့ ပုံစံနဲ့ ဝေငှပေးဖို့ပါ
ခု နည်းပညာဖြန့်ဝေတဲ့ဘလော့အချို့မှာ တင်ထားတဲ့ ပို့စ် တွေကအနည်းငယ်မြင့်နေတဲ့ အသုံးအနှုန်းတွေဖြစ်နေတော့ နားလည်ရခက်သလို
ပံ့ပိုးပေးထားတဲ့ ဆော့ဝဲလင့်တွေကလဲ လင့်သေတာနဲ့
မရတာတွေကများပါတယ်
အများအတွက်အပင်ပန်းခံပီးလုပ်ပေးထားတာ အလကားဖြစ်ရတာပေါ့
ပုတ်ခတ်တာမဟုတ်ပါဘူးခင်ဗျာ
သူတို့ရဲ့စေတနာတွေကို အလေးထားသလို ကျေးဇူးလဲအရမ်းတင်နေပါတယ်
အပင်ပန်းခံရကျိုးနပ်စေချင်လို့ ကိုယ်တိုင်လေ့လာသူဘ၀မှာတွေ့ရတဲ့အခက်အခဲလေးတွေကို အကြံပြုတာပါ
အားလုံးကိုကျေးဇူးတင်လျှက်------
No comments:
Post a Comment